ညင်ညင်သာသာလေးပါ...တကယ်ကို ညင်ညင်သာစွာ..လှုပ်ခတ်သွားလိုက်တာလေ...ရင်တစ်ခုလုံး ကြေကွဲသွား
ခဲ့ပြီ.....။
ချစ်သူရဲ့အပြုံးလေးတစ်ချက်နဲ့ လေ ကျွန်တော်ကို ကျောခိုင်းထွက်သွားလိုက်တာ...မုန်းလို့ မရနိုင်တဲ့ ကျွန်
တော်ရဲ့ အချစ်ကျရှူံးခန်းဟာ အဲဒီနေ့ မှာပဲ ဆို့ နင့် စွာ ကြေကွဲရခဲ့ပြီး ဒီနေ့ အထိ ချစ်သူအပြုံးလေးဟာ................
ကျွန်တော်အိပ်မက်တွေ ကို ညတွေညတိုင်း....သေဆုံးနေခဲ့သည်။
မရည်ရွယ်ခဲ့ပါဘူး..အလွမ်းတွေဖြစ်လာမယ်လို့ ....ကျွန်တော်ရဲ့ချစ်တတ်ခဲ့ခြင်းတွေ'' အခုတော့ ကျွှန်တော်
အလွမ်းတွေနှင့် အဖော်လုပ်တတ်ခဲ့ပြီ။
ချစ်သူအပြုံးလေးနဲ့  ကျွန်တော် အိပ်မက်တွေကို တခါက.. လကွေးကွေးရဲ့ တဖက်အစွန်းမှာ တွယ်ချိတ်ခဲ့
ဘူးသည်..။ချစ်သူထွက်သွားခဲ့တဲ့နောက်ပိုင်း...အိပ်မက် အကြေကွဲတွေပဲ တစ်စဆီမျောလွင့်နေသည်..။
ချစ်သူထားခဲ့တဲ့ အလွမ်းတွေကို တယုတယ ဂရုစိုက်စွာ..ပျိုးထောင်လာခဲ့တာ..လူလားမြောက်
စွာ တေးတွေသီတတ်ခဲ့သည်..။
မကြာမကြာ...တစ်ခါတစ်ခါမှာ...သက်ပြင်းစိမ်းတွေ ရင်ကိုနာကျင်စွာ..ထွက်လာတတ်သည်။ နူးညံစွာ ကျရှူံး
နေတာ ဘယ်လောက်ကြာခဲ့ပြီလဲ..။မျှော်လင့်ချက်တွေ အသေအလဲ လက်သီးပုံန်းတွေ အထိုးခံရတာလေ ဘဝ
တစ်ခုလုံးဆုံးပါးစွာ ကြေကွဲရပြီလေ...။ယနေ့ အထီ နလန်မထူအောင် ဒဏ်ရာ အကြီးဆုံးရခဲ့တယ်..။
ညီမျှခြင်းတွေ မရှိတဲ့ ..ချိန်ခွင်တစ်ဖက်စောင်း...လျှာထုတ်ပြတတ်တဲ့ ကံရားဟာ ကျွန်တော်ရိုးစင်းတွေကို
ကြက်ခြေခတ်တွေအဖြစ်...နှလုံးသားကို တံဆိပ်ကပ်ခဲ့သည်။အရှူံးများကို လက်ဝါးဖြန့် တောင်းတတ်သူဟာ
ဘယ်သူဖြစ်မလဲ...ကျွန်တော်ကိုယ် ကို လက်ညှိးမထိုးခဲ့ပေမဲ့ မေးပေါင်းများစွာထိုးလိုက်ကြတာ...မျက်နှာမှာ
ဒဏ်ရာတွေနှင့် ပြည့်နှက်နေခဲ့ပြီ...လမ်းမှာထွက်ရင် လူဆီုးကြီးဖြစ်နေတဲ့အထိပေါ့..။
ခါးသီးခြင်းတွေနှင့်ကံတရား အမှန်တရားမသီခင် လွင့်ကြွေခဲ့ရသော အိပ်မက်အပိုင်းအစတွေဟာ
ဖြစ်နိုင်ရင် ကောင်းကင်မှာထုဆစ်ချင်ခဲ့တယ် ..အလှပဆုံး အေ၇ာင်မဲ့ ပန်းချီကားအဖြစ်နှင့်ပေါ့...။
တွေးလိုက်တိုင်း အလွမ်းတွေပါ လာတတ်သည်....ငိုလိုက်တိုင်း နှလုံးသားတွေပဲ့ကြွေ ခဲ့ရတာလေ..တစတစနဲ့
လုံးပါးပါးရင်း....မျှော်လင့်ချက်တွေ အရောင်တွေလွင့်ခဲ့ရတာ...ဝီုးတဝါး.ပဲ မြင်ခဲ့ရတာ..အခုချိန်ထိမသဲမကွဲမြင်
နေရတုံးပါ....ချစ်သူ။
တကယ်ဆိုရင်မျှော်လင့်ခြင်းရဲ့ ကမ်းပါးတစ်ဖက်ကို ထွက်သွားတဲ့အခါ..ရင်ခုန်သံတွေ အဖတ်လိုက် ကွာ
ကျလိုက်လေ ပြန်ဆယ်ယူလိုက်တာလေ...ဆွေးမြေ့ခြင်းဘဝ တစ်ခုကိုရခဲ့တာလေ ..အခုချီန်ထိပဲ။
အချိန်ဆိုတဲ့ ကမ်းမရှိတဲံ့မြစ်နဘေးမှာလေ မျှော်လင့်ချက် ခပ်ရေးရေးနှင့် ညအေးအေး လေးမှာ အမိုးတွေနဲ့
မလွတ်တဲ့ စိတ်ကူးတွေနဲ့ အိပ်ရာဝင်ပုံပြင်ထဲက နတ်သမီးလေး တစ်ပါးလို... အခုချိန်ထိ ယုံကြည်ချက်ရေးရေး
လေးနဲ့ ရှင်သန်နေခဲ့ရတာလေ...ချစ်သူနေတဲ့ ကမ္ဘာရဲ့ အစွန်းတစ်ဖက်နေပေါ့...။
ဘာဖြစ်ဖြစ်လေ ဖြစ်နိုင်ခဲ့ရင် ကြယ်တာယာဝိုင်းရံခစားနေတဲ့ လကွေးကွေးလေးမှာ အိပ်မက်တွေကို ပြန်
ချိတ်ပေးလှည့်ပါ ..ချစ်သူ.........။
ကိုထက်။။။
0 comments:
Post a Comment