Wednesday 26 October 2011

လူငယ်တစ်ရဲ့ ....မနက်ဖြန်၏ လိုအပ်ချက်များ(၁)

http//winhtetnaingbolg.com

လူငယ်တစ်ယောက် အသက်ရူဖို့ 
လေကောင်းလေသန့် တွေလိုအပ်တယ်။
လူငယ်တစ်ယောက် စာဖတ်နိုင်ဖို့ 
အလင်းရောင်ကောင်းတွေလိုအပ်တယ်။
လူငယ်တစ်ယောက် ဗဟုသုတရဖို့ 
စာအုပ်ကောင်းတွေလိုအပ်တယ်..။
လူငယ်တစ်ယောက် ဥာဏ်ပညာမြင့်မားဖို့ 
အတွေးအခေါ် ကောင်းတွေလိုအပ်တယ်..။
လူငယ်တစ်ယောက် စာတတ်ဖို့ 
စာသင်ကျောင်းကောင်းကောင်းတွေလိုအပ်တယ်။
လူငယ်တစ်ယောက် ပညာတတ်ဖို့ 
ပညာရှင်တွေလိုအပ်တယ်...။
လူငယ်တစ်ယောက် စာရိတ္တကောင်းဖို့ 
ပတ်ဝန်းကျင်ကောင်းကောင်း လိုအပ်တယ်..။
လူငယ်တစ်ယောက် နွေးထွေးဖို့ 
မိသားစုကောင်းတွေ လိုအပ်တယ်..။
လူငယ်တစ်ယောက် နေထိုင်ဖို့ 
နွေးထွေးလုံခြုံတဲ့ အိမ်လိုအပ်တယ်..။
လူငယ်တစ်ယောက် ဘဝကိုဖြတ်သန်းဖို့ 
ယုံကြည်ချက်တွေလိုအပ်တယ်..။
လူငယ်တစ်ယောက် လွတ်လပ်ဖို့ 
စည်းကမ်းနဲ့ ကောင်းကင်တစ်ခုလိုအပ်တယ်.။
လူငယ်တစ်ယောက် တိုးတက်ဖို့ 
ဝေဖန်အကြံပေးမူတွေ လိုအပ်တယ်.။
လူငယ်တစ်ယောက် ပြောင်းလဲစရာလိုလာတဲ့အခါ
ရင်ဆိုင်ဖြေရှင်းဖို့ သတ္တိတွေလိုအပ်တယ်.။
လူငယ်တစ်ယောက် ဆုံဖြတ်ချက်ချတဲ့အခါ
အမှားအမှန် သိဖို့ လိုအပ်တယ်...။
လူငယ်ဟာ မနက်ဖြန်တွေဖြစ်လို့..
အသိပညာ အတတ်ပညာတွေနှင့်..
ကမ္ဘာကြီးကို လှဖို့ ..အတွက် အသက်ရှင်ရမယ်..။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More