ညလေးရေ.....
ဟောဒီ"လ' ကွေးကွေးအောက်မှာ
တရေးနီုးခဲ့ပြီ.....။
ရိုးစင်းတဲ့ ဘဝမှာ...
ငါဟာ 'လ'ကို 'လ'လိုပဲမြင်ခဲ့တယ်..
ဘဝကို လရောင်အောက်မှာခုံမင်ခဲ့သူပါ
ဘယ်မီးရောင်အောက်မှ...ဘဝကိုဆေးမဆီုးချင်ဘူး
ညကိုလည်း အလင်းရောင်တု တွေကြား..မထိုးအပ်ချင်ခဲ့
ဒါဟာ 'ည'ကို ည ပြီသစေချင်
လ ဟာ ညကိုသဘာဝကျစေမှာပါ....
ရောင်စုံမီးရောင်အောက်က ညဟာ...
အလင်းရောင်တွေရှိနေပေမဲ့ မှောင်မိုက်နေ၏
ရမ္မက်တွေ အသွေးအသား..အတွက်..ပဲ့ကြွေ
အပြုံးတုတွေကြား..ဘဝတွေထိုးကြွေးနေကြ
ဒါဟာ....မကောင်းဆီုးဝါး..ညမဲမဲတွေ
ပုလင်းသံတွေ ဖန်ခွက်သံတွေ...ဂီတသံတွေနှင့်
ညကိုမည်းနက်စေ၏
အဲဒီညဟာ ပိုကြောက်စရာကောင်းနေ
လောင်းကြေးတွေနဲ့ တယောက်ပြီး တသုတ် တဖြုတ်ဖြုတ်သေ
မီးတွေကြားမှာ လောင်ကျွမ်းလို့
ညအတုဟာ သရဲဝင်ပူးနေတယ်..
မှော်ဆရာရဲ့ ကြိမ်လုံးကြားမှာ.'ကား'ကနဲဆို
တယောက်ပြီးတယောက်..အသက်ငင်နေ
နေညိုပြီဆိုရင် အဲဒီ ညတွေ..ငါမုန်းတယ်...
ကုန်ဆုံးသွားမဲ့ ည တွေအတွက် ..သဘာဝ ည ပဲလိုချင်တယ်
ဖြစ်နိုင်မယ်ဆိုရင် ည ရယ် သဘာဝ ကြစေချင်တယ်
ည မှာ လ မသာရင် ည ကို ည' လို လှစေချင်လို့ပါ...
ညဟာတိတ်ဆိတ်ခြင်းတွေ.. နှင့်ငြိမ်သက်စေ..
အိပ်မက်တွေ မွေးဖွား
ရိုးသားခြင်းရဲ့ ညများ
ရှင်သန်ခြင်းနေ့ ရက်များအတွက်
သန့် ရှင်းသော ည များ ...
ငါဖြတ်သွားမယ်......။
0 comments:
Post a Comment