ဆေးပေါင်းခတဲ့ည.ထိုညတွေ အဝေး..
ငါရောက်နေပြီ ..တန်ဆောင်တိုင်..
ငါအခန်းထဲမှာ "လ''လေးကိုငေး..
လွမ်းလိုက်တာ "တန်ဆောင်တိုင်........။
အပေါင်းသင်းတွေနဲ့ ပျော်စရာကောင်းတဲ့
ဟိုတုန်းက တန်ဆောင်တိုင်....
ကာလသားချက် ကြက်သားဟင်း..
အခုချိန်ထိ..ခံတွင်း မှာ အနံတွေသင်း
ချဉ်ခြင်းလေ တွေတက်နေရဲ.....။
ည ၁၂ နာရီ..မဲဇလီဖူးသုပ်စား
တန်ဆောင်တိုင်ဆေးဟာ...
ငါတို့ရင်ကို အားတွေအဖြစ်
ဆေးဘက်ဝင်ခဲ့ပြီ...
တန်ဆောင်တိုင်.....။
သီချင်းတွေဆိုညည်း..
ဝိုင်းဖွဲ့ ကာ ဂစ်တာတီး..
ဆိုတီးခဲ့တဲ့ "ဆေးပေါင်းခတဲ့ ည"
မီးပုံဘေးမှာ...ပျော်ရွင်စရာနဲ့ လင်းလဲ့
အပေါင်းသင်းတွေနဲ့ ..စုံလင်ကြတဲ့
''ည.တန်ဆောင်တိုင်ကို လွမ်းတယ်....။
ပံသက္ကူရှာရင်း...မိုးလင်းခဲ့တဲ..
ဟောဒီတန်ဆောင်တိုင် ညများရယ်..
ဆိုင်ကယ်သံ ..ကားဟွန်းသံ
ဂစ်တာသံည..သီချင်သံတွေနဲ့
လွတ်ပြန့် နေတဲ့ ငါတို့ မြို့ က..
တန်ဆောင်တိုင်....
ပျော်ရွှင်စရာကောင်းတဲ့.တန်ဆောင်တိုင်
လရောင်တွေဆမ်း တဲ့..ညတန်ဆောင်တိုင်
ဆေးပေါင်းခသွားတဲ့ ''တန်ဆောင်တိုင်''
အခုတော့ .....လေ..
ငါဟာ ညမှုံ ညဝါး....
လသာနေလည်း..ည..မပိသလိုပဲ
တန်ဆောင်တိုင်.....
အခန်းထဲ လျှပ်စ် မီးရောင်မှာလေ..
လသာနေလည်း....ညဟာ..
ငါ အတွက် ပြီးပြည်စုံတဲ့ ..''ဆေပေါင်းခတဲ့ ည'''
မဖြစ်လာဘူး တန်ဆောင်တိုင်..
မြန်မာပြည်က တန်ဆောင်တိုင်ညလေးရေ..
ငါ ဆေးပေါင်ခတဲ့ ည ကိုလွမ်းတဲ့အကြောင်း...
အလွမ်းခပ်ရင့်ရင့်....
ဆောင်း မနက်ခင်းတွေက..သက်သေခံလိုက်မယ်..။
0 comments:
Post a Comment