ဘယ်မိသားစုလောက်လေ....
ကောင်းကင်မှာ ကြယ်မစုံ ခဲ့ဘူး...။
အိမ်မှာ မိဘကိုအားကိုးရတယ်
အပြင်မှာတော့ မိတ်ဆွေအစစ်ပဲရှိတယ်။
နေ..လ ..ဘယ်လိုအလင်းရောင်ရှိပါစေ..
ဥာဏ်ပညာ မရှိရင် ထာဝရစဉ်မှောင်ပိန်းနေ၏။။
မနက်ဖြန်တွေအတွက်......
ဒိနေ့မှာ အမှားတွေကင်းအောင်နေထိုင်ကြမယ်..။
ရှင်သန်ခြင်းတွေကို.....
အတ္တတွေမောင်းထုတ်ပြီး ဆက်ပြီးအသက်ရှင်ကြ..
နေ့ သစ်တွေမှာ ကမ္ဘာမြေ လှနေမယ်...။
အနာဂတ်အတွက် ကောင်းကင်မှာ ထုဆစ်ဖို့ 
အိပ်မက်တွေလှပပါစေ......။
ဘဝဟာ ခဏတာပေမဲ့
ကောင်းကင်မှာလေ..
သင့်နာမည်တစ်လုံး..
ထာဝရစဉ် တည်တံလှပါစေ....။
ဆန္ဒတွေကို ထုပ်ပိုး...
အစိုးမရတဲ့စိတ်ကို ..
သတိဥာဏ်ပညာ နှင့် ချွန်းအုပ်...
''ကဲ''''သူငယ်ချင်း.....ငါတို့ ရှေ့ဆက်တက်မယ်...။
ဟို မှာလေ........ကောင်းကင်ကြီး လှနေတယ်...။
0 comments:
Post a Comment