လမင်းလေး.....
တိတ်ဆိတ်ခြင်းတွေ နှင့်
ငါအိပ်မက်လေးထဲ ..
သာယာချိုမြိန်သော တေးတို့ 
သီကြူးပါ.....။
လမင်းလေး............
သန်းခေါင်ည ကောင်းကင်အောက်က
ငါရင်ခွင် သို့ 
လတ်ဆတ်သော အလင်းရောင်နှင့်
ငြိမ်းအေးခြင်းတို့
ယူဆောင် ပေးပါ..။
လမင်းလေး....
ဆန္ဒနေ့ အချို့ အတွက်..
ငါနေထိုင်ရာ ကမ္ဘာမြေ အတွက်
ခိုလှုံစရာ ..ရင်ခွင်တစ်ခုအဖြစ်
ဖန်ဆန်းပေးပါ.....။
လမင်းလေး
ငါကိုကြည့်ပါ..
မိုးပြီး ကြည့်လိုက်တဲ့အခါ
ငါ...သိမ်ငယ်စွာ..ကြေကွဲ
အားငယ်စိတ်နှင့်ပြိုလဲတဲ့ အခါ
ဖေးကူးတွဲလိုက်ပါ...(တိတ်တိတ်လေးပါပဲ)...။
လမင်းလေး
မက်နေကြ အိပ်မက်တွေ အတွက်..
အိပ်မက်တွေတိုင်း လမင်းလေးရှိတယ်
အိပ်မက်တွေ ကို ထုဆစ်ဖို့ 
မျှော်လင့်ချက်တွေ ...
လရောင်အောက်မှာ..
ရှင်သန်ခွင့်ပေးပါ.......။
လမင်းလေး...
ငါ.....
ဖန်ဆင်းခွင့်ရှိမယ် ဆိုလေ
ည ..ည.တွေကို လေ..
ငါ ..ထာဝရ..လသာခွင့်ပေးမယ်...။
လမင်းလေး.......
မြတ်နီုးခြင်း ကောင်းကင်မှာလေ
ငါ အတွက် ...
လမင်းလေးဟာ
လမင်းလို သရဖူ ဆောင်းခဲ့ ရပြီ..။
လမင်းလေးဟာ
တကယ်တော့ .....လတစ်စင်းပါ.....။
0 comments:
Post a Comment