နှလုံးသားကို ငါယုံကြည်ခဲ့သည့် အတွက်
ဒဏ်ရာအကြီးအကျယ်ရခဲ့သည်
လူတွေကိုလည်း ငါချစ်သည့် အတွက်
မေတ္တာတရားကို ရခဲ့သည်
ခံစားချက်ကို ရင်ဘက်နှင့်ထွန်ယက်ခဲ့သည့် အတွက်
ကဗျာအဖြစ် စီးဆင်းခဲ့သည်
နှလုံးသားကို နှလုံးသား ခံစားခဲ့သည့်အတွက်
အသက်ရှူခြင်း အတတ်ကို နားလည်ခဲ့သည်
ထိုနောက် ကမ္ဘာမြေမှာ နေထိုင်ခြင်း အတတ်ကို
ငါ သင်ယူခဲ့သည်.........။
0 comments:
Post a Comment