ဆောင်းရဲ့ အဦးဆုံး နှင်းပွင့်ဖြူ
ခူးဆွတ်ပေး မလို့ .....
မင်းအတွက်ပေါ့...
ဆောင်းမတိုင်မှိက နှင်းတွေ အလာ
ငါစောင့်နေခဲ့ တယ်..
ဆောင်းနှင်းဆီ..။
ဒီလိုနဲ့ ......
ဆောင်းည လနှခမ်းတွေမှာ
ငါ မင်းအတွက် အကောင်းစားတေးတွေ
သီ ခဲ့တယ်....
တလောက လုံး နှင်းတွေကျ တဲ့ အထိပေါ့..။
ဆောင်းမှာ ကြွေတဲ့ နှင်းပွင့်စက် ဂီတသံ
တူရီယာ မလိုပဲ
သံစဉ် တွေဖြစ်လာရတယ်
နားမလည်နိုင်သော ရင်ခုန်ခြင်းတွေနဲ့ပေါ့ 
ဆောင်းနှင်းဆီ....။
ကဗျာလိုမလှပေမဲ့
နှလုံးသားနှင့် ပျိုး သည့်
သစ္စာတွေ အတွက်..
ဆောင်းအရိပ်နဲ့ လောင်းခဲ့ရတယ်
နှင်းတွေကျမယ်ဆို ....
ငါရင်ခွင်မှာ ..နှင်းဆီဖြူတွေဖွေးနေရောပေါ့
ဆောင်းနှင်းဆီ....။
တိတ်တိတ်လေး မက်ခဲ့ ရသော
ဆောင်းအိပ်မက် တွေကြား
ငါပြေးလွား နေခဲ့တာ
နှင်းတွေတောင် စိုခဲ့ပြီ
ထိုညတွေအတွက်..လေ
ထာဝရ ဆောင်းမှာ
ရင်သို့ နှင်းတွေဆင်း၏
ငါကလွဲလို့  ဘယ်သူမသိ
တိတ်တိတ်လေးပါပဲ
ဆောင်းနှင်းဆီ...။
ကောင်းကင်ယံ နှင်းဖြူပွင့်တွေနဲ့ 
တင့်တယ်ခြင်း ခြေလှမ်းတိုင်းအတွက်
မြင်ရသူအတွက်....
ပန်းလို လှနေတယ်
ဆောင်းနှင်းဆီ..။
မင်းအတွက်ပေး စရာဆို
ငါ ပိုင်တဲ့ နှင်းဖြူ ပွင့်တွေကလွဲလို့ 
ပေးစရာမရှိ
နှလုံးသား အတိ နှင်းပွင့် ဖြစ်၏..
ဒါဟာလည်း မင်းအတွက်ဖြစ်တည်ခဲ့ရပြီ
ဆောင်းနှင်းဆီ...။
ဆောင်းလေသွေးတဲ့
ညရေးရေးမှာ ....အချိုမြိန်ဆုံး
တေးတို့ ..ဆိုခွင့်ပြုပါ...
နှိး ထမဲ့ ဆောင်းအသစ်တိုင်းတွက်..
ငါ အား....
နှင်းခေါ်တေးတို့  သီဆိုခွင့်ပြုပါလော့.....
ဆောင်းနှင်းဆီ.......................................။
1 comments:
ကဗျာလှလှလေးကိုဖတ်ခဲ့ပါတယ်
(ညရေးရေးမှာ ....အချိုမြိန်ဆုံး
တေးတို့ ..ဆိုခွင့်ပြုပါ...
နှိး ထမဲ့ ဆောင်းအသစ်တိုင်းတွက်..
ငါ အား....
နှင်းခေါ်တေးတို့  သီဆိုခွင့်ပြုပါလော့.....
ဆောင်းနှင်းဆီ.)
Post a Comment