ရင်ဘတ်ပေါ်မှာ ထွန်ယက်
နှလုံးကို ပျိုးထောင် ခဲ့တဲ့ငါ.....
အချစ်တွေဟာ အမြစ်တွယ်လို့ 
မင်းထားခဲ့တဲ့ အခါ အလွမ်းတွေက......
ပန်းအဖြစ် ကဗျာတွေအဖြစ် ဖူးပွင့်ကြကုန်၏...။
လသာသောအခါ နှလုံးသား က သီချင်းညည်းဆို
ကောင်းကင်အောက်မှာ ငါ ...
မှောင်မိုက်နေပြီ.......။
ဆန္ဒတွေကို တဖွဖွ ထုတ်ပိုးပြီး
ခပ်လေးလေးသက်ပြင်းရှည်တွေချ ခဲ့ရတာ
ငါရင်ဘယ်လောက်နာကျင်ရမလဲ..။
လူမြင်မခံတဲ့ အလွမ်းတွေ နဲ့ 
ငါ ရင်ဘတ်တစ်ခုလုံး...
လောင်ကျွှမ်းနေပြီ...
မျှော်လင့်ချက် ကျွန်းလေးမှာပဲ
ငါအထီးကျန်ခဲ့ရသူပါ...။
မင်းကို သတိရခြင်းတွေနှင့်
ငါဟာ အကြိမ်ကြိမ် ရူံးနိမ့်ရသူတစ်ယောက်ပါ
အေးစက်စက် ည တွေဟာ
ရင်ဘက်ပေါ်ကို ညတွေတစင်းပြီးတစင်း
ခြောက်ကပ်စွာ စီးဆင်း
ဆောင်းည အိပ်မက်ဆိုးအဖြစ်..ပေါ့..။
အချစ်ကို နှလုံးသားနဲ့  ရင်းခဲ့ရသူ...ငါ..
မင်း အနီးဆုံးကပ်နေလျှက် အဝေးဆုံးကို
ပြေးထွက်ခဲ့တော....
ပျော်စရာတွေနှင့်အတူ နှလုံးသားပါ
ဆုံးပါးခဲ့ရတယ်..။
ဒီလိုနဲ့  ညပေါင်းများစွာ ငါသေဆုံးခဲ့
နှလုံးသားကို မျှော်လင့်ချက် လောင်းခဲ့တာ
ငါ ရင်ဘတ်တစ်ခုလုံး ပန်းတွေအဖြစ် ဖူးပွင့်နေကြ၏
မင်းရိပ်သိမ်း မဲ့ အချိန်ထီ...ငါပေါင်းသင်ထားခဲ့သည်
ဒီလိုနဲ့ ....
ငါ ပန်းတစ်ခန်းဟာ
အလွမ်းတွေနှင့်...
အခုချိန်ထိ..ရှင်သန်နေရဆဲ..........။
ကိုထက် ...။
0 comments:
Post a Comment