အလွမ်းတွေနှင့် ခြေချုပ်မိနေတဲ့ငါ
ဘယ်အငြိုးနှင့် အဆွေးတွေက မိုးအဖြစ်ပြိုဆင်း
ချစ်ခြင်းရဲ့ သမိုင်းဦးမှာလေ......ငါ...
အဦးဆုံး..ရူံးနိမ့် ရသူပါ...
စကားမစပ်ဆိုပြီး...ကမ္ဘာဦးရဲ့ လမင်းကို
ခီုးကြည့်ရသူပါ...
သိမ်ငယ်နေတဲ့ အခန်းလေး..ငါ.ရဲ့ အခန်းလေးထဲမှာ
မင်း..အတွက်အလွမ်းတွေနှင့် ပန်းတစ်ခင်းပျိုးခဲ့တယ်
တရက်ပြီးတနေ့ မျှော်လင့်ရင်းနှင့်ပေါ့
မနက်ဖြန်အလွမ်းတွေကို ဒီနေ့ကကြိုပြီးလွမ်းနေရတဲ့ ဘဝ
သဟဇတ ဖြစ်စေဖို့  ခဏတာလေးငဲ့ကြည့် ပေးပါ
ငါဟာမင်းအတွက် နုံချာပေမယ့်...
လတ်ဆတ်ခဲ့ နှလုံးသားကို စတေးခဲ့ရတယ်
ချစ်ခြင်းရဲ့ နွံအိုင် ကြားက..ရုန်းမထွက်နိုင်သူမို့
ငါ...မင်းရဲ့ သံယောဇဉ်ကြိုး တစ်ချောင်းပဲ...မျှော်လင့်တယ်
ငဲ့ညှာခဲ့ ရင် ဥပက္ခာအရိပ်အောက်မှ ပေးထွက်ပြုပါ....
0 comments:
Post a Comment